Thursday, July 4, 2013

Samsung Galaxy Grand နှင့် အခြားမော်ဒယ်မြင့် Samsung ဖုန်းများအားလုံးတွင်မြန်မာစာစနစ်တရားဝင် ထည့်သွင်းပေးလိုက်ပြီဟုဆို



Photo Credit: MinThu Naung Samsung Galaxy S4 များကို Official မြန်မာစာ Support ပေးပြီးသည့် နောက် တစ်ပတ်အကြာ ၂၀၁၃ ဇူလိုင်လမှစတင်၍ Samsung Galaxy Grand (GT 9082) ဖုန်းနှင့် အခြား Android 4.1 နှင့်အထက် Official update ပေးသည့် Samsung ဖုန်းများကိုလည်း Samsung မှ မြန်မာစာတရားဝင်ထည့်သွင်းပေးလိုက်ပြီဟု သိရသည်။ Root လုပ်မထားသော မိမိတို့ Galaxy Grand ဖုန်းများကို Online မှတိုက်ရိုက် Update ပြုလုပ်လိုက်ပါက Update အသစ်တွင် မြန်မာစာပါဝင်လာပြီဟုသိရသည်။ မိုဘိုင်းကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ကိုမင်းသုနောင်ကလည်း “Galaxy Grand (GT 9082) ကို ယနေ့ နေ့လယ်မှစတင်ကာ
မြန်မာစာ update ပေးလိုက်ပါပြီ။ Galaxy Grand (CDMA+GSM) မြန်မာစာ ပါတဲ့ဖုန်း ၀င်လာပြီးတဲ့ နောက်ပိုင်းမှာ Samsung က ကျန်တဲ့ ဖုန်းတွေရော တရားဝင် မြန်မာစာစနစ် ထည့်သွင်းပေးလိုက်ပါပြီ။ 4.1 Jelly Bean နဲ့အထက် Samusung ဖုန်းတွေ အကုန်လုံး ရလိမ့်မယ်လို့မျှော်လင့်ပါတယ်။
သူငယ်ချင်းတို့ ထဲမှာရှိရင် စမ်းသပ်ကြည့်ကြပါ။ ကျွန်တော့် Galaxy Grand လေးတော့ Built-in မြန်မာစာ စနစ် ရသွားပါပြီ။ဘာ app မှ သုံးစရာမလိုဘဲ system update ပြုလုပ်ရုံနဲ့ မြန်မာစာနဲ့ပတ်သက်တာ အကုန်လုံး အဆင်ပြေသွားမှာဖြစ်ပါတယ် ” လို့ပြောပါတယ်။ Samsung Galaxy Grand အပြင် Samsung ကလက်ရှိ မြန်မာစာ ပါဝင်သည့် Update ကို Online မှမြှင့်ရန်အဆင်မပြေပါက Samsung Show ROM များတွင်သွားရောက် Update လုပ်နိုင်ကြောင်းလည်းသိရသည်။ HTC ပြီးလျှင် Samsung ဖုန်းများသည် မြန်မာစာစနစ်တရားဝင်ပါဝင်လာသော ဒုတိယမြောက်နာမည်ကြီး ဖုန်းအမျိုးအစားလည်းဖြစ်သည်။

Myanmar Mobile App Store (www.myanmarmobileapp.com)

6 comments:

  1. Samsung မြန်မာစာ ပါတာ Update ကို Online ပေါ်ကလုပ်တာကို အဲ့ဒီ Online ဝှက်စိုင်းကိုပါ ဖော်ပြပေးတာ ကောင်းမယ်လို့ကျွန်တော်ထင်တာပဲ ဒီလိုပဲ တစ်ယောက်လားလဲလုပ်လို့ရတယ်နဲ့လုပ်လို့တယ်နဲ့ Online လမ်းညွန်း မဖော်ပြပဲနဲ့ ဘယ်လိုသွားလုပ်မလဲ ၊ မသိတဲ့လူတစ်ယောက်က အဲဒီလမ်းညွန်း ဘယ်လိုဝင်ရမှန်ကို မသိဘူး ဒီလိုမျိုဖော် ပြမဲ့တူတူ Online ကိုလမ်းညွန်းပေး ရင်ပိုပြီးအရှင်းပြေမယ်လို့ထင်တယ် အကိုတို့ဖော်ပြပေးတဲ့ အကြောင်ရာတွေးထဲမှာ စာဖတ်ပြီး အလှကြည့်ဖို့ပဲရမှာပေါ့ ဖြစ်နှိင်ရင် လုပ်ပုံလုပ်နည်း နဲ့ Online လမ်းညွန်းကိုဖော်ပြပေးပါ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  2. i have been updated but i can see myanmar font

    ReplyDelete
  3. ဘယ်လို Downloard တာလဲ ငါမသိဘူး

    ReplyDelete
  4. ဘယ်ကနေdownload တာလဲကူညီကြပါ

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. MMAS နဲ့ Root လုပ်လိုက်တာ APPs တွေပြန်တက်မလာတော့ဘူး ဘယ်လိုဖြေရှင်းရမယ်ဆိုတာ နဲနဲရှင်းပြပေးပါ အင်တာနက်ဆိုင်တွေမှာ ဒေါင်းလော့ဆွဲပြီးမိမိကိုယ်တိုင် Root နေကြတယ်
    ကျေးဇူးပြုပြီး နည်းပညာလေးမျှဝေပေးပါ အဓိက က acer Z130 V4.2.2 android ပါပဲ

    ReplyDelete