Thursday, July 4, 2013

Samsung Galaxy Grand နှင့် အခြားမော်ဒယ်မြင့် Samsung ဖုန်းများအားလုံးတွင်မြန်မာစာစနစ်တရားဝင် ထည့်သွင်းပေးလိုက်ပြီဟုဆို



Photo Credit: MinThu Naung Samsung Galaxy S4 များကို Official မြန်မာစာ Support ပေးပြီးသည့် နောက် တစ်ပတ်အကြာ ၂၀၁၃ ဇူလိုင်လမှစတင်၍ Samsung Galaxy Grand (GT 9082) ဖုန်းနှင့် အခြား Android 4.1 နှင့်အထက် Official update ပေးသည့် Samsung ဖုန်းများကိုလည်း Samsung မှ မြန်မာစာတရားဝင်ထည့်သွင်းပေးလိုက်ပြီဟု သိရသည်။ Root လုပ်မထားသော မိမိတို့ Galaxy Grand ဖုန်းများကို Online မှတိုက်ရိုက် Update ပြုလုပ်လိုက်ပါက Update အသစ်တွင် မြန်မာစာပါဝင်လာပြီဟုသိရသည်။ မိုဘိုင်းကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ကိုမင်းသုနောင်ကလည်း “Galaxy Grand (GT 9082) ကို ယနေ့ နေ့လယ်မှစတင်ကာ
မြန်မာစာ update ပေးလိုက်ပါပြီ။ Galaxy Grand (CDMA+GSM) မြန်မာစာ ပါတဲ့ဖုန်း ၀င်လာပြီးတဲ့ နောက်ပိုင်းမှာ Samsung က ကျန်တဲ့ ဖုန်းတွေရော တရားဝင် မြန်မာစာစနစ် ထည့်သွင်းပေးလိုက်ပါပြီ။ 4.1 Jelly Bean နဲ့အထက် Samusung ဖုန်းတွေ အကုန်လုံး ရလိမ့်မယ်လို့မျှော်လင့်ပါတယ်။
သူငယ်ချင်းတို့ ထဲမှာရှိရင် စမ်းသပ်ကြည့်ကြပါ။ ကျွန်တော့် Galaxy Grand လေးတော့ Built-in မြန်မာစာ စနစ် ရသွားပါပြီ။ဘာ app မှ သုံးစရာမလိုဘဲ system update ပြုလုပ်ရုံနဲ့ မြန်မာစာနဲ့ပတ်သက်တာ အကုန်လုံး အဆင်ပြေသွားမှာဖြစ်ပါတယ် ” လို့ပြောပါတယ်။ Samsung Galaxy Grand အပြင် Samsung ကလက်ရှိ မြန်မာစာ ပါဝင်သည့် Update ကို Online မှမြှင့်ရန်အဆင်မပြေပါက Samsung Show ROM များတွင်သွားရောက် Update လုပ်နိုင်ကြောင်းလည်းသိရသည်။ HTC ပြီးလျှင် Samsung ဖုန်းများသည် မြန်မာစာစနစ်တရားဝင်ပါဝင်လာသော ဒုတိယမြောက်နာမည်ကြီး ဖုန်းအမျိုးအစားလည်းဖြစ်သည်။

Myanmar Mobile App Store (www.myanmarmobileapp.com)

Read more »

Tuesday, July 2, 2013

Apk တွေကို PC ကနေ Install လုပ်မယ်

Apk လေးတွေကို ဖုန်းမှာ ကွန်ပျူတာကနေ Install ဖို့ ဆော့ဝဲသေးသေးလေး တစ်ခု ဝေမျှပေးချင်ပါတယ်။
ဆော့ဝဲကလည်း သေးတယ်။ အသုံးပြုရ၊ ဒေါင်းရ လွယ်ကူမှာပါ။ ဆော့ဝဲလေးကိုဖွင့်ပြီးတော့ ဖုန်းနဲ့ကွန်ပျူ
တာနဲ့ ချိတ်၊ ပြီးရင် ကိုယ် Install ချင်တဲ့ Apk ကို Drag ဆွဲပြီး ဆော့ဝဲထဲကို ပစ်ထည့်လိုက်ရုံပါပဲ။ အရမ်း
ကောင်းပါတယ်။ ဒါလေးကို Myanmar Mobile App မှ သမလာတာလို့ ကျွန်တော်ရေးတေးတေး မှတ်မိ
လိုက်လို့၊ Myanmar Mobile App ကို Credit ပေးပါတယ်ဗျာ။ ကျေးဇူးတင်ပါတယ်။

>>> Download <<< From MediaFire (Link 1)
>>> Download <<< From MediaFire (Link 2)
 
Copy From :: http://kogyikaunghtet.blogspot.com/2013/06/apk-installer-beta.html
Read more »

ဗုဒ္ဓဘာသာဆိုင်ရာ Android App များ

ဗုဒ္ဓဘာသာနှင့် ပတ်သက်တဲ့ Android ဖုန်းအတွက် Application တွေကို ကျွန်တော် သိသလောက် ဝေမျှ
ပေးလိုက်ပါတယ်။ တချို့ကတော့ ဟိုး... အရင်ကတည်းက ထွက်ပေါ်ထားတဲ့ App တွေဖြစ်ပါတယ်။ အခု
ထွက်လာတာကတော့ ကိုးန၀င်း စိတ်ပုတီးစိတ်သူတို့အတွက် ကိုးန၀င်း App ဖြစ်ပါတယ်ဗျာ။ စိတ်ပုတီး
စိတ်နည်းကို လေ့လာနိုင်တဲ့အပြင် ဘယ်နေ့တွေမှာ ဘယ်လိုစိတ်ပုတီးစိတ်မလဲ ဆိုတာ ညွှန်ကြားထားပါ
တယ်။ ဒီ App လေးကိုတော့ မောက်မောက်လေး မှ ရယူလာတာ ဖြစ်တဲ့အတွက် မောက်မောက်လေး ကို
Credit ပေးပါတယ်။

ကိုးန၀င်း App ဒေါင်းရန် 
 >>> Download <<< From Sendspace
>>> Download <<< From Files.com
ဒါလေးကတော့ အရင်က ထွက်ရှိပြီးသား Dhamma Cycle ဖြစ်ပါတယ်။ 
 >>> Download <<< From MediaFire
>>> Download <<< From 4Shared
မြတ်ဗုဒ္ဓ၏ တရားတော်များ Dhamma Droid ဖြစ်ပါတယ်။ 
 >>> Download <<< From Mediafire
>>> Download <<< From 4Shared
ပရိတ် Application တစ်ခုဖြစ်တဲ့ Myanmar HUB ဖြစ်ပါတယ်။ 
>>> Download <<< From Mediafire 
>>> Download <<< From 4Shared
 
Read more »

Thursday, June 27, 2013

သန့်ရှင်းရေးသမား App


 ဒီ Clean master app လေးနဲ့ ရင်းနှီးကြမယ်ထင်တယ်နော်။ သူက တော့ google play မှာ 5 star နီးပါးရထားတဲ့ ဆော့ဝဲကောင်းလေးပါ။ အခုကျွန်တော် Jun 20 ထွက် ကို မြန်မာမှုပြုထားတာပါ latest လေးပေါ့နော်။ ဒေါင်းလိုက်ကြပါဦးခင်ဗျ။အဆင်ပြေကြပါစေ။


 

credit:www.myanmarmobilecompanion.blogspot.com
Read more »

Lucky Patcher


ဒီကောင်လေးက Android အတွက် Patch လုပ်တဲ့ဟာလေးပါ။ Android 2.0 နဲ့အထက် Root လုပ်ထားမှသုံးလို့ရမှာဖြစ်ပါတယ်။ အားလုံးအတွက်အသုံးဝင်မယ့်ဟာလေးပါ။ အခု မနေ့က Update ထွက်ထားတာလေးတင်ပေးလိုက်ပါတယ်။
Google Ads ဖြုတ်တာတို့၊ License Verfication ဖြုတ်တာတို့မှာ အရမ်းနာမည်ကြီးတဲ့ Application လေးဖြစ်ပါတယ်။ အရင်သုံးဖူးတဲ့သူတွေရှိမယ်လို့လဲယူဆပါတယ်။ တစ်ကယ်လို့မသုံးတတ်သေးရင်လဲ
Youtube  မှာဝင်ကြည့်လိုက်ပါ။ 
သိပ်အရှည်ကြီး မပြောတော့ဘူးနော် :)
========================================
Download : >>> : Dropbox
 
Download : >>> : Mediafire (or)  Zippyshare
========================================
Read more »

Wednesday, June 26, 2013

SORRY SORRY SORRY



အားလုံးကို တောင်းပန်ပါတယ်
ကျွန်တော် Blog မရေးတာတော်တော်ကြာသွားပြီ အခုတော့ Daily မဖြစ်ရင်တောင် Weekly တော့တင်ပေးပါမယ်။ စာမေးပွဲကလဲရှိတော့ ရေးဖို့အချိန်ရမရဘူးဗျ စာမေးပွဲက ၁၃ရက်နေ့တဲ့ ဒါကြောင့်အားလုံးကိုတောင်းပန်ပါတယ်။ လိုအပ်တာလေးတွေရှိရန်မေးမြန်းနိုင်ပါတယ်။
အခုတလော Website တွေကို သူများအတွက်လိုက်ရေးပေးနေရလို့။ ကိုယ်တွေလဲပိုက်ဆံစု ရမယ် ဒါမှ Domain Name လေးဘာလေးဝယ် ရမှာသူများတွေနဲ့စာရင်အားငယ် စရာကြီး

Face Book Page ကို Like လုပ်ခြင်းဖြင့်ကူညီပါ
Chat Box တွင်လိုအပ်တာတောင်းနိုင်ပါတယ်။
Read more »

APK ကို မြန်မာမှုပြုခြင်း အသေးစိတ်

Android Device မှာ Install ပြီး ဆော့ကစားကြတဲ့ ဂိမ်းလေးတွေ၊ Facebook, Twitter ကဲ့သို့သော Social
app လေးတွေ၊ စက်ကို အမှိုက်ရှင်းပေးတဲ့ app လေးတွေကို ကိုယ်တိုင် မြန်မာမှုပြုနိုင်စေဖို့ အသေးစိတ်
ဖော်ပြပေးလိုက်ပါတယ်။ တချို့တွေစမ်းသပ်ကြည့်ကြတဲ့အခါမှာ အခက်အခဲလေးတွေ ရှိနေကြသေးတာမို့
လို့ ဒီလို အသေးစိတ် ဖော်ပြပေးလိုက်တာပါ။ အရင်ဦးဆုံး ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာ JDK (Java Development Kit) ရှိနေဖို့ လိုအပ်ပါတယ်။ Java ကို Install လုပ်နည်း နဲ့ ထည့်သွင်းနည်း အသေးစိတ်ကို
"Java ကို Install စတင် ပြုလုပ်ခြင်း" မှာ သွားရောက် ဖတ်ရှု နိုင်ပါတယ်။ ဒါဆိုရင် ကွန်ပျူတာမှာ Java
ထည့်သွင်းပြီးပြီ လို့ ယူဆလိုက်ပါတော့မယ်။ ဒေါင်းစရာ ဖိုင် နှစ်ဖိုင်ရှိပါတယ်။ မူရင်း Download Link ကတော့ >>> http://apkmultitool.com/?q=node/5  ဖြစ်ပါတယ်။



ဒါပေမယ့် Frame Work ဖိုင်ကို ဒေါင်းဖို့ ရှာမတွေ့ကြတဲ့အတွက် MediaFire မှာ တင်ထားပေးပါတယ်။
APK-Multi-Tool ကို Down ရန် >>> Download <<<
Framework ကို Down ရန်      >>>Download <<<

ဒေါင်းလို့ ရရှိလာတဲ့ zip ဖိုင် နှစ်ဖိုင်ပေါ်ကို Right Click နှိပ်ကာ Extract Here ဖြင့် နှစ်ဖိုင်လုံးကို ခွဲလိုက်ပါ။

ခွဲပြီးသွားရင် framework-res_api16.apk ကို ကော်ပီကူးပြီး APK-Multi-Tool ဖိုဒါထဲကို ထည့်ပါ။

အဲ့ဒိ framework-res_api16.apk ဖိုင်ကို Rename ပြောင်းပါမယ်။ framework-res.apk လို့ပြောင်းလိုက်
ပါ။ ပြီးရင် other ဖိုဒါထဲကို ထည့်ပေးလိုက်ပါ။ တစ်ခုပြောချင်တာက Rename ပြောင်းတဲ့ အချိန်မှာ ဂရု
စိုက်ပေးပါလို့ ...။

နောက်တစ်ဆင့်ကတော့ Setup.bat ဖိုင်ကို Double Click နှိပ်ကာ Run ပေးပါ။ ပြီးသွားရင် Frame Work
ကို Install ဖို့အတွက် 2ကို ရိုက်ကာ Enter ခေါက်ပါ။

ပြီးရင် 1 ကို ထပ်ရိုက်ပြီး Enter ခေါက်ပါ။

framework ကိုတွေ့ရှိပြီး Install လုပ်ပါလိမ့်မယ်။ Press any key to continue ... ဆိုရင် ကီးဘုတ်မှ ကီး တစ်ခုခု နှိပ်ပေးလိုက်ပါ။

ပြီးရင် (ပိုရှင်းသွားအောင်) Setup.bat ကို ပိတ်ပြီး တစ်ခါ ပြန်ဖွင့်ပါ။ 3 လို့ ရိုက်လိုက်ပြီး Enter ခေါက်လိုက်
ရင် ပုံမှာ ပြထားတဲ့ အတိုင်း ဖိုဒါ အသစ်တွေကို တွေ့ရှိရမှာပါ။ 

 _______________________________________________________________________
လုပ်ငန်းစဉ် တော်တော် များများကို ပြီးမြောက်သွားပါပြီ။ မြန်မာမှုပြုဖို့ အတွက် စတင်ပါတော့မယ် ....။
place-apk-here-for-modding ဖိုဒါထဲကို ကိုယ် မြန်မာမှုပြုချင်တဲ့ apk ဖိုင်ကို ထည့်ပါ။ ကျွန်တော်က
တော့ နမူနာအနေနဲ့ Facebook.apk တစ်ခုကို ထည့်လိုက်ပါတယ်။

တစ်ခု သတိထားဖို့ ပြောချင်တာကတော့ ကိုယ်ထည့်လိုက်တဲ့ apk ဖိုင်ရဲ့ နာမည်ဟာ လုံးဝ Space မခြား
ရပါဘူး။ ဒါဟာ အရေးကြီးပါတယ်။ ပြီးရင်Script.bat ဖိုင်ကို Double Click နှိပ်ကာ Run လိုက်ပါ။ ကိုယ်
ထည့်လိုက်တဲ့ apk ဖိုင်ကို ရွေးချယ်ပေးဖို့ အတွက် 24 ကို ရိုက်ပြီး Enter ခေါက်ပါ။

place-apk-here-for-modding ဖိုဒါထဲမှာ apk ဖိုင် များများထည့်ထားရင် များများပေါ်နေမှာပါ။ ကျွန်တော်
ကတော့ ခုနက ထည့်ထားလိုက်တဲ့အတိုင်း Facebook.apk ဆိုတာတစ်ခုတည်းရှိနေလို့ တစ်ခုတည်း ပေါ်
နေပါတယ်။ အဲ့ဒါလေးကို ရွေးချယ်ဖို့ 1 ကိုရိုက်ပြီး Enter ခေါက်ပါ။

apk ကို Decompile ခွဲမှာ ဖြစ်တဲ့ အတွက် 9 လို့ ရိုက်ပြီး Comment ပေးလိုက်ပါ။  ဒါဆိုရင်တော့ ခွဲနေပါ
လိမ့်မယ်။ ဖိုင်ရဲ့ ဆိုဒ် အကြီးအသေးကို မူတည်ပြီး ကြာချင်ကြာပါလိမ့်မယ်။

ခွဲပြီးသွားရင်တော့ Projects ဆိုတဲ့ ဖိုဒါထဲမှာ ကိုယ်ခွဲထားတဲ့ Facebook.apk ဖိုဒါကြီး ရောက်ရှိလို့နေပါပြီ။
Script.bat ဖိုင်ကြီးကိုတော့ မပိတ်သေးဘဲ Minimize လုပ်ထားလိုက်ပါ။ 

မြန်မာ လို စာတွေ ထည့်နိုင်ဖို့ အတွက် အဲ့ဒိ Facebook.apk ဖိုဒါထဲကို ၀င်ပါ။ ပြီးရင် res ဖိုဒါထဲကို ၀င်ပါ။
အဲ့ထဲကမှ values ဖိုဒါထဲမှ strings ဆိုတဲ့ xml ဖိုင်လေးကို ဖွင့်လိုက်ပါ။

ပြီးရင် အောက်ပါပုံအတိုင်း </string> ဆိုတာလေးရဲ့ရှေ့က အင်္ဂလိပ်စာတွေကို သင့်တော်သလို မြန်မာ
စာ ပြောင်းပါ။

အားလုံးပြောင်းပြီးရင်တော့ သိမ်းပါမယ်။ File ကို နှိပ်ပြီး Save as... ကို နှိပ်ပါ။

အဲ့နောက် အောက်ပါအတိုင်း Save as type မှာ All Files ကို ရွေးထားပါ။ Encoding မှာ UTF-8 ကို ရွေး
ပေးပါ။ ပြီးရင်တော့ Save ပေါ့...။

ဖိုင်က ရှိပြီး သားဖြစ်ပါတယ်... အစားထိုးမှာလား ??? ဆိုပြီးမေးလာရင် Yes ကို နှိပ်ပေးလိုက်ပါ။
  
Script.bat ဖိုင်ကို ပြန်သွားပါ။ ကိုယ့်ရဲ့ apk ဖိုင်က System apk မဟုတ်ရင် 12 ကို ရိုက်ပါ။  System apk
ဆိုရင်တော့ 11 ကိုရိုက်ပါ။ အခု Facebook.apk အတွက်ကတော့ System apk မဟုတ်လို့ 12 လို့ပဲ ရိုက်
လိုက်ပါ။ ပြီး ရင် Enter ခေါက်၊ ခဏစောင့် ! :D
1, 2, 3, 4 ရွေးစရာ မေးလာရင် 2 ကို ရွေးပေးပြီး Enter ခေါက်လိုက်ပါ။ 
ပြီးရင် apk ကို Sign လုပ်ရန် အတွက် 13 လို့ ရိုက်ပြီး Enter ခေါက်ပါ။ 
အားလုံးပြီး သွားပါပြီခင်ဗျာ ...... ။ ကိုယ် မြန်မာမှုပြုထားတဲ့ apk လေး ကို တွေ့ချင်ရင်တော့ place-apk-here-for-modding ဖိုဒါထဲကို ပဲ ပြန်သွားလိုက်ပါ။ မူရင်း apk က Facebook.apk ဖြစ်ပြီး၊ မြန်မာမှု
ပြုထားတဲ့ apk ကတော့ SignedFacebook.apk ဖြစ်ပါတယ်။ 
ဒီလိုနည်းနဲ့ပဲ တခြား ဖိုင်တွေ ဖြစ်တဲ့ drawables ဖိုဒါတွေထဲကို လျှောက်ဝင်ကြည့်ပြီး ပုံ လေးတွေကိုလည်း
ပြုပြင်ပြောင်းလဲနိုင်ပါသေးတယ်ဗျာ.....။ တခြား apk ဖိုင် ( ဂိမ်းတွေ၊ စက်ရှင်းတဲ့ ဆော့ဝဲတွေ) ကိုလည်း
စမ်းသပ်ကြည့်ကြပါဗျာ...။ 
:o  ...  ဟူး ... ပီး တွား ပီ !!! :P 
အားလုံးကို ကျေးဇူးတင်ပါတယ် ...။ 
ဖတ်ရှုပေးတဲ့ အတွက် .... :D 
 
Copy From : http://kogyikaunghtet.blogspot.com/2013/06/apk.html
Read more »

Friday, June 7, 2013

SubWay Surf ဆိုတဲ့ဂိမ်းလေးကို Coin ခိုးနည်း :D





SubWay Surf ဆိုတဲ့ဂိမ်းလေးကို Coin ခိုးနည်



အကောင်သစ်လေးတွေဝယ်မယ်ပိုက်ပိုက်တွေများများရချင်တယ်ဆိုတဲ့
ဘော်ဒါတွေအတွက်Coin ခိုးနည်းလေးပါ
အရင်ဆုံးဒီကောင်လေးကိုဒေါင်းပါ http://www.mediafire.com/?r3tddukgedf93dy
ပြီးရင်ဒေါင်းလို့ရလာတဲ့ဖိုင်လေးကိုဖြည်လိုက်ပါဖိုင်နှစ်ခုတွေ့ရပါမယ်အဲ့ဖိုင်နှစ်ခုကို Copy ကူပြီး
ဇုန်းထဲက Androiddatacom.kiloo.subwaysurffiles ထဲကိုကူထည့်ပေးပါအရင်ရှိပြီးသားဖိုင်ပေါ်Replace ထပ်ကူးပေးရမှာပါ ပြီးရင်ဂိမ်းလေးထဲဝင်ကြည့်လိုက်ပါထီပေါက်ထားသလိုတွေ့ရမှာပါ 
(မှတ်ချက် အရင်ကိုယ်ရထားတဲ့ Score ကတော့ပျက်သွားမှာပါ score ကိုနှမျောတယ်ဆိုရင်တော့ပိုက်ပိုက်မခိုးနဲ့ပေါ့ )
//
Read more »

Computer Desktop ပေါ်မှာရှိတဲ့ Icon အားလုံးကို Lock ချထားမယ်



ဒီနည်းလေးကတော့အပျော်တမ်းစကြနောက်ကြတဲ့နည်းလေးပါပဲရိုးရိုးလေးနဲ့
ပျော်စရာကောင်းပါတယ်..သိပြီးသားသူများအတွက်ကတော့အရမ်းလွယ်သလို
မသိသေးတဲ့သူများအတွက်ကတော့..ပညာတစ်ခုပါပဲ..ပထမဦးစွာမိမိDesktop
ပေါ်မှာ Pointer လေးချပြီးတော့ Keyboard မှ Print Screen ခလုပ်ကိုနှိပ်လိုက်ပါ


ပြီးရင်..Start-->run ကိုနှိပ်ပါ mspaint ကိုရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ
paint box ပေါ်လာရင် Keyboard မှ Ctrl+v ကိုနှိပ်လိုက်ပါ..ပြီးရင် JPEG ဖိုင်နဲ့
မိမိကြိုက်နှစ်သက်သောနေရာတွင် Save လုပ်လိုက်ပါ..ပြီးသွားရင် paint box
ကိုပိတ်လိုက်ပါ..ပြီးရင် Desktop ပေါ်က Icon အားလုံးကို Select all လုပ်
ကော်ပီလုပ်ပြီး တစ်နေရာတွင်သိမ်းထားလိုက်ပ..ပြီးရင်အားလုံးကိုဖျက်လိုက်ပါ
Recycle bin ကတော့ဖျက်လို့ရမှာမဟုတ်သေးပါဘူး..Desktop ပေါ်မှာ
Recycle bin တစ်ခုတည်းကျန်နေရင် Start-->run ကိုပြန်သွားပါ run box
ထဲတွင် gpedit.msc ရိုက်ထည့်ပြီး Enter ခေါက်ပါ ပြီးရင်
User Configration --> Adminstrative Templates-->Desktop
ဆိုပြီးအဆင့်ဆင့်သွားလိုက်ပါ..ညာဘက်ချမ်းမှာ Remove Recycle bin icon
from desktop ဆိုတာကို Double click နှိပ်ပြီး Enable ကိုအမှတ်ပေးပြီး
OK လုပ်လိုက်ပါ.ပြီးရင်ပြန်ထွက်လိုက်ပါ..Desktop ပေါ်မှာ Recycle bin
icon မရှိတော့ပါဘူး Desktop ပေါ်မှာ Icon အားလုံးမရှိတော့ဘူးဆိုရင်
Mouse နဲ့ Right click နှိပ်ပြီး Properties ကိုဝင်လိုက်ပါ.ပြီးရင် Desktop tab
ကိုသွားလိုက်ပါ Browse ကိုနှိပ်လိုက်ပါ..စောစောကကျွန်တော်တို့ save လုပ်
ထားသော JPEG ပုံလေးကိုယူလိုက်ပါပြီးရင် apply --> ok လုပ်လိုက်ပါ
ဒါဆိုရင်မိတ်ဆွေတို့ Desktop ပေါ်မှာ အ၇င်ကလို Icon လေးတွေအားလုံး
ပြန်ပေါ်နေပါပြီ..သို့ပေမယ့်အဲဒီအိုင်ကွန်လေးတွေက..နှိပ်လို့မရပါဘူး..
သူကရိုးရိုး Background တစ်ခုဖြစ်နေလို့ပါပဲ..ဒီနည်းနဲ့..ပျော်ရွှင်စွာ
နောက်ပြောင်ကြည်စယ်လို့ရပါတယ်..ပျင်းနေမှာစိုးလို့တင်ပေးလိုက်ပါတယ်
Read more »

Wednesday, June 5, 2013

Gangstar Rio: City of Saints v1.1.3 APK +OBB-(750Mb)


SOrWbSO


Android phone ကိုင်ဆောင်သူတွေအတွက်အားလုံးနဲ့ရင်းနှီးပြီးသား နာမ်‌မည်‌ကြီး Game ၁ခုဖြစ်‌တဲ့Gangstar Rio: City of Saints v1.1.3 ကို
Update Version ‌တွေ့လို့အသစ်‌ပြန်‌တင်‌‌ပေးလိုက်‌ပါတယ်‌ခင်‌ဗျ။
ထူးထူးခြားခြား Featureအသစ်‌အ‌နေနဲ့ Jetpackပါဝင်‌ပါတယ်‌……, ‌လေ‌ပေါ်ပျံသန်း၍တိုက်‌ခိုက်‌နိုင်‌ပါတယ်‌……..,,,
3D Game အမျိုးအစားဖြစ်‌လို့‌တော်‌‌တော်‌‌လေးကစားလို့‌ကောင်းပါတယ်‌…….///,,,
Gangstar Rio: City of Saints v1.1.3ကို Google Play မှာ$6.99 နဲ့ဝယ်ယူရရှိနိုင်ပြီး
Myanmar Mobile App Store မှာတော့ Freedownload ရယူနိုင်ပါတယ်။ အောက်က link မှာရယူပါ။

Gangstar Rio: City of Saints v1.1.3 APK-အားရယူရန် –> DOWNLOAD

Gangstar Rio: City of Saints v1.1.3 DATA-အားရယူရန် –> PART1 , PART2 , PART3 , PART4 ,
———————-(OR)———————-
Gangstar Rio: City of Saints v1.1.3 DATA-အားရယူရန် –> PART1 , PART2 , PART3 , PART4

————————-(OR)—————–
Gangstar Rio: City of Saints v1.1.3 DATA-အားရယူရန် –>PART1 , PART2 , PART3 , PART4


မသိသေးသူများအတွက်သာ—>>>

Apk ဖိုင်ကိုဒေါင်းပြီး ဖုန်းတွင် install လုပ်ပြီးလျင် Done  နဲ့ထွက်ပေးပါ။။
ပြီးလျှင် Data Part1 မှစပြီး Data Part4 အထိ Select All လုပ်ပြီး Extract File လုပ်ပေးလိုက်ပါခင်ည။ ဖိုင်တခုတည်းဖြစ်သွားပါလိမ်. မယ်။ ရလာတဲ့ ဖိုင်ကိုထပ်ပြီးဖွင့်လိုက်ရင်-‘’com.gameloft.android.ANMP.GloftG4HM’-ကိုမိမိဖုန်းရဲ့Internal SD ထဲမှာရှိတဲ့  Android ဆိုတဲ့ Folder ထဲက OBB folder ထဲကိုထဲ့ပေးလိုက်ပါ။ အကယ်၍ OBB folderမရှိခဲ့ဘူးဆိုလျှင် Android အထဲမှာပဲ New Folder လုပ်ပြီးနာမ်‌မည်ကို  OBB ဟုပေးလိုက်ပါ။
2lbC1 gr gri gt
g6FVq Tu9bV
Read more »